Asia
ဗီယက်နမ်ရှိ စူပါမားကက်များတွင် ဆေးဝါးများ ရောင်းချခွင့်ပြု
ဟိုချီမင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ၏ ဆေးဝါးဆိုင်ရာဥပဒေအား ပြင်ဆင်လိုက်သည့် ဥပဒေသည် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီး နိုင်ငံအတွင်းရှိ စူပါမားကက်များတွင် ဆေးဝါးများ ရောင်းချခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ဟိုချီမင်းစီးတီးတွင် ဆရာဝန် လက်မှတ်မလိုဘဲ ရောင်းချနိုင်သည့် ဆေးဝါးများ (Over-the-counter) အား ဝယ်သူထံသို့ တိုက်ရိုက်ရောင်းချရန်အတွက် မည်သည့် လုပ်ငန်းကမှ မှတ်ပုံတင်ထားခြင်း မရှိသေးကြောင်း၊ ပြည်ပနိုင်ငံများတွင်လည်း အားဆေးများနှင့် အဖျားပျောက်ဆေးများကဲ့သို့ ဆရာဝန် လက်မှတ် မလိုဘဲ ရောင်းချနိုင်သည့် ဆေးဝါးများကို စူပါမားကက်များတွင် ရောင်းချနေပြီ ဖြစ်ကြောင်း မြို့တော်ဆိုင်ရာ ကျန်းမာရေးဋ္ဌာနက ပြောကြားခဲ့သည်။
ဗီယက်နမ်ရှိ စူပါမားကက်ကြီးများ၏ ကိုယ်စားလှယ်ကြီးများကလည်း ဆေးဝါး ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ ဆေးဝါးလုပ်ငန်းသည် ၂၀၁၀ မှ ၂၀၁၅ ခုနှစ် ကာလအတွင်း ၁၇ မှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ရရှိခဲ့ကြောင်း ဆေးဝါးဆိုင်ရာ လုပ်ငန်းများမှ စာရင်းဇယားများအရ သိရသည်။ (Xinhua)