Asia
ဘင်္ဂလားဒေ့ရှ်ခရီးသည်တင် လေယာဉ်တစ်စင်း နီပေါနိုင်ငံ ခေတ္တမန္ဒူ လေဆိပ်အနီး၌ ပျက်ကျမှုဖြစ်ပွား

ခေတ္တမန္ဒူ ၊ မတ် ၁၂ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ မြို့တော် ခေတ္တမန္ဒူလေဆိပ်အနီး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဦးတည်ပျံသန်းလာသော ခရီးသည်တင်လေယာဉ်တစ်စင်းသည် ယနေ့( မတ်လ ၁၂ ရက် ) မွန်းလွဲပိုင်းတွင် မြေပြင်သို့ဆင်းသက်စဉ် မီးလောင်ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း နှင့် လက်ရှိတွင်သေဆုံးဒဏ်ရာရမှု အခြေအနေအား အသေးစိတ်မသိရှိရသေးကြောင်း သိရသည်။
၎င်းလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၄ ဦး နှင့် ခရီးသည် ၆၇ ဦး အပါအဝင် စုစုပေါင်း လူ ၇၁ ဦးလိုက်ပါလာကြောင်း နှင့် ယင်းမတော်တဆမှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၁၇ ဦး ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။
လက်ရှိတွင် အရေးပေါ်ကယ်ဆယ်ရေးကားအစီး ၂ဝ ခန့်မှာ အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း နှင့် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။(Xinhua)