Connect with us

Asia

ပြင်သစ်နိုင်ငံ သမ္မတ လေးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မေခရွန် (ယာ) နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မေခရွန် (Emmanuel Macron) သည် အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် နယူးဒေလီမြို့သို့ မတ်လ ၉ ရက် ညပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် ပြင်သစ်နိုင်ငံ သမ္မတ မေခရွန်တို့သည် မတ်လ ၁၀ ရက်တွင် နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူစာချုပ်များလည်း လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဋ္ဌာနအရ သိရသည်။

“သမ္မတ မေခရွန်၏ ခရီးစဉ်က နှစ်နိုင်ငံ စီးပွားရေး၊ နိုင်ငံရေးနဲ့ ကျွန်တော်တို့ရဲ့ စေ့စပ်ညှိနှိုင်းမှု မဟာဗျူဟာမြောက် ရှုထောင့် ခိုင်မာရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်” ဟု ဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မိုဒီနှင့် သမ္မတ မေခရွန်တို့သည် မတ်လ ၁၁ ရက်တွင် ပြုလုပ်မည့် International Solar Alliance (ISA) တည်ထောင်ခြင်း ကွန်ဖရင့်၌ ပူးတွဲသဘာပတိအဖြစ် ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ကွန်ဖရင့်သည် ၂၀၁၅ ခုနှစ်တွင် ပဲရစ်သဘောတူညီချက်နှင့် တစ်ဆက်တည်း နှစ်နိုင်ငံ သဘောတူခဲ့ခြင်း ဖြစ်သကြောင်း သိရသည်။အိန္ဒိယနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အကြား ကုန်သွယ်မှုသည် ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၇ ခုနှစ် မတ်လအထိ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိခဲ့သည်။ ပြင်သစ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ နဝမမြောက် အကြီးဆုံး ပြည်ပ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117