Asia
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ထွက်ခွာ
ဒါကာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ(Sheikh Hasina)သည် တရားဝင်ခရီးစဉ် အဖြစ် ဇွန် ၁ ရက် တွင် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တာ့လျန်မြို့ တွင်ကျင်းပမည့် ၁၃ ကြိမ်မြောက် နွေရာသီ Davos ဖိုရမ် ကို တက်ရောက်ရန်ရှိကြောင်း သိရသည်။
ဝန်ကြီးချုပ် နှင့် သူမ၏ အဖွဲ့ဝင်များ၊ ဝန်ကြီးများ အားလိုက်ပါလာသည့် အမျိုးသားအလံလွှင့်ထူထားသည့် Biman ဘင်္ဂလားဒေ့ရှ် အထူးလေကြောင်းလိုင်းသည်Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ် က ဇူလိုင် ၁ ရက်နေ့ တွင် ဒါကာမြို့ မှ တာ့လျန်မြို့ သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ကြီးကျယ်သော ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်စီမံကိန်းများအား ထောက်ခံအားပေးပြီးဖြစ်ကြောင်း၊ အဆင့်မြင့်ပုဂ္ဂိုလ်များ စားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောဆိုချိန်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များ၊ တရုတ်နိုင်ငံမှထောက်ပံ့မှု အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအားလိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး AK Abdul Momen ကပြောသည်။ (Xinhua)