Asia
မော်လ်ဒိုက်နိုင်ငံတွင် အရေးပေါ်အခြေအနေ အဆုံးသတ်

မေးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)
မော်လ်ဒိုက်နိုင်ငံတွင် ၄၅ ရက်တာ ကြာမြင့်ခဲ့သည့် အရေးပေါ်အခြေအနေအား မတ်လ ၂၂ ရက်၌ အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သမ္မတရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် သမ္မတ Abdulla Yameen က ပြောကြားလိုက်သည်။
“လုံခြုံရေးအဖွဲ့ဝင်များရဲ့ အကြံဉာဏ်ပေးချက်အရနဲ့ ပုံမှန်အခြေအနေသို့ ရောက်ရှိတဲ့အတွက် အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ဖို့ သမ္မတက ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်” ဟု သမ္မတ Yameen ၏ရုံးက ပြောကြားခဲ့သည်။
နိုင်ငံ၏ အရေးပေါ်အခြေအနေ အဆုံးသတ်ကြောင်း သမ္မတ၏ အမိန့်အား မတ်လ ၂၂ ရက်က ထုတ်ပြန်ခဲ့ပြီး ဌာနအားလုံးသို့ အကြောင်းကြားခဲ့ကြောင်း သမ္မတ၏ နိုင်ငံတကာရေးရာ ပြောခွင့်ရပုဂ္ဂိုလ် Ibrahim Shihab က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)