Connect with us

Asia

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် အနည်းဆုံး လူ ၁၆ဦးသေဆုံး၊ ၃၀ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Nakhon Ratchasima ပြည်နယ် တွင် မတ် ၂၁ ရက် ညပိုင်းက ခရီးသွား ဘတ်စ်ကားတစ်စီး နှင့် ၁၈ဘီးနောက်တွဲယာဉ် တစ်စီး တိုက်မိရာ အနည်းဆုံး လူ ၁၆ဦး သေဆုံးခဲ့ပြီး အခြားလူ ၃၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေး ဝန်ထမ်းများထံမှ ရရှိသော ကနဦးသတင်းအချက်အလက်များအရ နှစ်ထပ်ခရီးသွားဘတ်စ်ကားသည် ခရီးသည် ၅၀ဦးကို တင်ဆောင်၍ Chanthaburiမြို့ ၌ ညဘက်ရှုခင်းကြည့်ရန် သွားရောက်ခဲ့ပြီးနောက် Kakasin မြို့သို့ ပြန်လည်မောင်းနှင်လာစဉ် ကုန်းဆင်းအကွေ့တစ်ခု ၌ အရှိန်လွန်ပြီး တစ်ဖက်လမ်းကြောင်း ပေါ်သို့ ရောက်ရှိသွားကာ Kabin Buri ခရိုင်မှ မောင်းနှင်လာသည့် နောက်တွဲ ကုန်တင်ယာဉ် နှင့် တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးစလုံး လမ်းဘေးရှိ မြောင်းထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ကယ်ဆယ်ရေးဝန်ထမ်းများက ဘတ်စ်ကားပေါ်တွင် ခရီးသည် ၅၀ဦးခန့် လိုက်ပါလာပြီး ၎င်းတို့ အများစုမှာ အပျက်အစီးများအကြား ပိတ်မိနေခဲ့ကြောင်း ပြောကြားခဲ့သည်။သေဆုံးသူ နှင့် ဒဏ်ရာရရှိသူ အားလုံးကို ဆေးကုသမှုခံယူရန် နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကနဦးသေဆုံးသူ သည် ၁၆ဦး ရှိပြီး အမျိုးသမီး ၁၀ဦး နှင့် အမျိုးသား ၆ဦး ပါဝင်ကာ ၃၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ၎င်းတို့အနက် အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ထိုင်းသတင်းဋ္ဌာန Thairath က သေဆုံးသူ ဦးရေသည် ၁၈ဦးအထိ မြင့်တက်လာကြောင့် မတ် ၂၁ ရက် နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။ (Xinhua)