Asia
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်၏ ခရီးစဉ်အတွက် တောင်ကိုရီးယားနိုင်ငံ ပြင်ဆင်

ဆိုးလ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ်ကုန်ပိုင်းတွင် လာရောက်လည်ပတ်ရန် ရည်မှန်းထားသော မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်၏ ခရီးစဉ်အတွက် ပြင်ဆင်နေကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်က ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် ပြောကြားလိုက်သည်။
အာဏာရ ဒီမိုကရက်တစ်ပါတီနှင့် အဓိက အတိုက်အခံ ကွန်ဆာဗေးတစ် Liberty Korea Party အပါအဝင် နိုင်ငံရေးပါတီ ငါးခုနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် မွန်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီမှ Hong Young-pyo က အစည်းအဝေးတက်ရောက်ပြီးနောက် လွှတ်တော်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ကင်သည် ကိုရီးယားနိုင်ငံအချင်းချင်း ဆက်ဆံရေးများအတွက် အခွင့်အလမ်းဖြစ်စေရန် လျာထားသည့်အတိုင်း ချစ်ကြည်ရေးခရီး ပြန်လည်လာရောက်ရန် မွန်က မျှော်လင့်ထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလက မွန်နှင့် ကင်အကြား နောက်ဆုံးပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးအရ တောင်ကိုရီးယားနိုင်ငံ သမ္မတက မြောက်ကိုရီးယားနိုင်ငံ မြို့တော်သို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့်အတွက် မြောက်ကိုရီးယား ခေါင်းဆောင်ကလည်း တောင်ကိုရီးယားသို့ ပြန်လည်လာရောက် လည်ပတ်ရန် ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)