Connect with us

Asia

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဝမ်ရိနှင့် Bill & Melinda Gates Foundation ပူးတွဲသဘာပတိ ဘီလ်ဂိတ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးဝမ်ရိနှင့် Bill & Melinda Gates Foundation ပူးတွဲသဘာပတိ ဘီလ်ဂိတ်တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် Bill & Melinda Gates Foundation ပူးတွဲသဘာပတိ ဘီလ်ဂိတ်နှင့် နိုဝင်ဘာလ ၆ ရက်နေ့က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် Bill & Melinda Gates Foundationနှင့်အတူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး နည်းပညာဖွံ့ဖြိုးရေး သုတေသန စသည့်ကဏ္ဍများ ပူးပေါင်းဖလှယ်မှုများ တိုးမြှင့်လုပ်ဆောင်သွားလို ကြောင်း၊ အာဖရိကတိုက်တွင် သုံးဖက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ရှာဖွေတိုးချဲ့လုပ်ဆောင်သွား လိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဝမ်ရိက တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံသည် နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သောကြောင့် သင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်ပါက နှစ်ဖက်အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အကျိုးယုတ်နစ်နာမှုများ ဖြစ်ပွားနိုင်ကြောင်း ၊ လက်ရှိအခြေအနေအရ ရည်မှန်းချက်တူဆောင်ရွက် ရမည်ဖြစ်ပြီး ဆန့်ကျင်မှုထိပ်တိုက်ရင်ဆိုင်မှုများမပြုလုပ်ဘဲ အပြန်အလှန်လေးစားရမည်ဖြစ်ကြောင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးဖြစ်ထွန်းသည့် အလားအလာကို တည်ဆောက်ရမည်ဖြစ်ကြောင်း ၊ ထိုမှသာ နှစ်ဦးနှစ်ဖက်သာမက နိုင်ငံတကာလူမှုအဖွဲ့အစည်း၏ အကျိုးကို ဆောင်ကျဉ်းပေးနိုင်မည် ဖြစ်ကြောင်း ၊ ထို့ကြောင့် မစ္စတာဘီလ်ဂိတ်ကဲ့သို့ တရုတ်နိုင်ငံအား နားလည်သည့် ပုဂ္ဂိုလ်များက အပြုသဘောဆောင်တွန်းအားပေးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဘီလ်ဂိတ်ကလည်း အားလုံးအကျိုးတူဖြစ်ထွန်းရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏မဏ္ဍိုင် ဖြစ်သင့်ကြောင်း ၊ မိမိအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်စေရန် နှင့် ပြည်သူ့အကြား ချစ်ကြည် ရေးတိုးမြှင့်စေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.