Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် တာတိုပစ်ဒုံးကျည် ၂ စင်းပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်ခဲ့သည့် တာတိုပစ်ဒုံးကျည်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက်ကမ်းရိုးတန်းတွင် တာတိုပစ်ဒုံးကျည် ၂ စင်းပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇူလိုင်လ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည် ၂ စင်းအား မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ဝန်ဆန်မြို့အနီး ဒေသစံတော်ချိန် နံနက် ၅း၀၆ နာရီနှင့် ၅း၂၇ နာရီတို့၌ အသီးသီးပစ်လွှတ်ခဲ့ကြောင်း၊ အမြင့် ၃၀ ကီလိုမီတာခန့်အကွာတွင် အကွာအဝေး ၂၅၀ ကီလိုမီတာခန့်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဖြစ်နိုင်ဖွယ်ရှိသော ထပ်တိုးဒုံးကျည်ပစ်ခတ်မှုအပေါ် တောင်ကိုရီးယားနိုင်ငံက ဆက်စပ်အခြေအနေပြင်ဆင်ရေးများ လုပ်ဆောင်နေပြီး ၎င်း၏ကာကွယ်ရေးရပ်တည်ချက်အား ထိန်းသိမ်းလျက်ရှိကြောင်း JCS က ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံသည် ယင်းနေရာအနီး၌ပင် ပြီးခဲ့သည့် သီတင်းတစ်ပတ်ပင်မကြာသေးသည့်ကာလက ယခုကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုအသစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)