Connect with us

Asia

တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နီးကပ်သောဆက်ဆံရေး ခိုင်မာစေရန် သဘောတူ

တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေကြစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများက နီးကပ်သောဆက်ဆံရေး ခိုင်မာအောင် ကြိုးပမ်းရန် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဇူလိုင်လ ၃၁ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။

အာဆီယံနှင့် အာဆီယံဦးဆောင်သော ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းများက အရှေ့အာရှဒေသတွင်း လူမှုရေးတည်ငြိမ်ရေးနှင့် စီးပွားရေးတိုးတက်မှုထိန်းသိမ်းရာတွင် မရှိမဖြစ် အရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု တောင့်တင်းခိုင်မာရန် လုပ်ဆောင်လျက်ရှိကြောင်းနှင့် တစ်ဘက်နှင့်တစ်ဘက် အမြဲတစေ လေးစားလျက်ရှိခဲ့ပါကြောင်း ဝမ်က ဆိုသည်။

နှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်းရန်အတွက် မတူညီမှုများနှင့် ကွဲပြားခြားနားမှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် ကြီးမားသောအရေးပါမှုအဖြစ်မှတ်ယူကြောင်း ဝမ်က ပြောခဲ့သည်။

တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်နေသည့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်နေသည့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

နှစ်ဘက်အနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမဖော်ဆောင်မှုနှင့် အာဆီယံကွန်ရက်ချိတ်ဆက်မှု ၂၀၂၅ ဆိုင်ရာ မူရင်းစီမံချက် (Master Plan) အကြား စုပေါင်းညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်ရရှိရန်၊ အာဆီယံအတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်းစေရန်၊ တရုတ်-အာဆီယံ ဆက်ဆံရေးတွင် ဖွံ့ဖြိုးတိုးတက်မှုအသစ် ဆန်းသစ်တီထွင်မှု ပြုလုပ်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ထို့ပြင် ဝမ်က ဆက်၍ တရုတ်နိုင်ငံနှင့် အာဆီယံအကြား ဆက်ဆံရေး ပိုမိုတိုးတက်စေရန် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများကိုလည်း အလေးထားပြောကြားခဲ့သည်။

ထိုအစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက တရုတ်နိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်အတွက် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဝမ်က တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အရေးပါသော သဘောတူညီမှု ၅ ခု ရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတို့သည် အာဆီယံကွန်ရက်ချိတ်ဆက်မှု ၂၀၂၅ ဆိုင်ရာ မူရင်းစီမံချက် (Master Plan) နှင့် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမဖော်ဆောင်မှု အံဝင်ခွင့်ကျဖြစ်စေရန်၊ တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှစ် အဖြစ် ၂၀၂၀ ခုနှစ်အား သတ်မှတ်ရန်၊ နိုင်ငံစုံပါဝင်မှုအား ပူးတွဲစောင့်ထိန်းရန်နှင့် တစ်ဖက်သတ်မူဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒအား ပူးတွဲဆန့်ကျင်ရန်၊ ဒေသဆိုင်ရာ ဥပဒေများ ပူးတွဲတည်ထောင်ရန်နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရေး အတူတကွလုပ်ဆောင်ရန် စသည်တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.