Connect with us

Asia

မြောက်ကိုရီးယား က ပြန်လည်ပေါင်းစည်းရေး အတွက် တောင်ကိုရီးယားနှင့် တွေ့ဆုံရန် အဆိုပြု

၇ ကြိမ်မြောက် အလုပ်သမားပါတီ ညီလာခံ၌ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း မိန့်ခွန်း ပြောနေစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ကိုရီးယား နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး နှင့် ကိုရီးယားကျွန်းဆွယ် အတွင်း ငြိမ်းချမ်းမှု ရရှိစေရန် အတွက် တောင်ကိုရီးယားနိုင်ငံနှင့် ညီလာခံ တစ်ခု ကျင်းပရန် မြောက်ကိုရီးယား နိုင်ငံက ဇွန်လ ၂၇ ရက် က အဆိုပြု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

စာဖြင့် ရေးသားထားသည့် ယင်း အဆိုပြုလွှာအား မြောက်ကိုရီးယား (DPRK) ၏ ကြိုတင် ပြင်ဆင်ရေး ကော်မတီက ပူးတွဲ တွေ့ဆုံပွဲ ပြုလုပ်နိုင်ရန် တောင်ကိုရီးယားနိုင်ငံ (ROK) အာဏာပိုင်များ ထံသို့ ပေးပို့ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် နှစ်နိုင်ငံမှ နိုင်ငံရေး ပါတီ အဖွဲ့ဝင်များ၊ အဖွဲ့အစည်းများ နှင့် အရေးကြီးပုဂ္ဂိုလ်များ အပြင် နိုင်ငံခြားမှ အဖွဲ့အစည်းများ ပါဝင်မည့် ယင်းတွေ့ဆုံပွဲအား မြို့တော် ပြုံယမ်း (သို့) နယ်စပ် Kaesong မြို့ တွင် ပြုလုပ်ရန် အဆိုပြုခဲ့သည်။
တွေ့ဆုံမည့် နေ့သည် နှစ်နိုင်ငံလုံး က ဂျပန် လက်အောက်မှ လွတ်မြောက်လာသည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပမည့် သြဂုတ်လ ၁၅ ရက် ဝန်းကျင် ဖြစ်နိုင်ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် ညီလာခံအတွက် ပူးတွဲ အကြိုပြင်ဆင်မှု ကော်မတီ ဖွဲ့နိုင်ရန် အတွက် အလုပ်ရုံ အဆင့် ဆွေးနွေးပွဲ ပြုလုပ်သွားရန် လည်း ကမ်းလှမ်းခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံ (DPRK) ၏ အမျိုးသား ကာကွယ်ရေး ကော်မရှင် လက်အောက်ရှိ ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ ဝန်ကြီးဋ္ဌာန က မေလ အကုန်ပိုင်းလောက်တွင် နှစ်နိုင်ငံကြား တင်းမာမှုများ ဖြေလျှော့ရန်နှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် အတွက် တောင်ကိုရီးယားနိုင်ငံ (ROK) နှင့် စစ်တပ် အချင်းချင်း အလုပ်ရုံ အဆင့် ဆွေးနွေးပွဲ ကျင်းပရန် နှစ်ကြိမ် အဆိုပြုခဲ့သေးကြောင်း သိရသည်။
သို့သော် တောင်ကိုရီးယားနိုင်ငံ (ROK) သည် မြောက်ကိုရီးယားနိုင်ငံ (DPRK) အား နျူကလီးယား လက်နက် စွန့်လွှတ်ခြင်းအား အရင်ဆုံး ပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး ကမ်းလှမ်းချက်အား ပယ်ချခဲ့သည်။
မေလ အစောပိုင်းတွင် ကျင်းပသည့် အာဏာရ ပါတီ အမျိုးသား ညီလာခံ၌ မြောက်ကိုရီးယားနိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန်က နှစ်နိုင်ငံ အထင်လွဲမှုများနှင့် မယုံကြည်မှုများ အား ဖယ်ရှားရန် အတွက် တောင်ကိုရီးယားနိုင်ငံ (ROK) နှင့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အဆိုပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.