Connect with us

Asia

နျူကလီးယား လမ်းစဉ် စွန့်လွှတ်မှသာလျှင် မြောက်ကိုရီးယား နှင့် တွေ့ဆုံမည်ဟု တောင်ကိုရီးယား ပြောကြား

တောင်ကိုရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး (ယာ) နှင့် မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံသည် ကိုရီးယား နှစ်နိုင်ငံ ဂျပန်လက်အောက်မှ လွတ်မြောက်ခဲ့သည့် ၇၁ နှစ်မြောက် အထိမ်းအမှတ် နေ့ဖြစ်သော သြဂုတ်လ ၁၅ ရက် ဝန်းကျင်တွင် နှစ်နိုင်ငံ မှ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများ တွေ့ဆုံရန် မြောက်ကိုရီးယား၏ အဆိုပြု ကမ်းလှမ်းချက်ကို ဇွန်လ ၂၈ ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ၏ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဋ္ဌာန က မြောက်ကိုရီးယား နိုင်ငံ၏ ကမ်းလှမ်းချက်သည် တောင်ကိုရီးယား နိုင်ငံအား ဆန့်ကျင်သည့် ၎င်း၏ ပုံမှန် ဝါဒဖြန့်မှု တစ်ခုပင် ဖြစ်ကြောင်း၊ ထို့အပြင် နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးကျည်ပစ်လွှတ်မှုများ ဆက်လက် လုပ်ဆောင်နေသည့်ကြားက ထိုသို့ ကမ်းလှမ်းချက် ထွက်ပေါ်လာခြင်းသည် မြောက်ကိုရီးယား၏ စိတ်ရင်း အမှန် မဟုတ်ကြောင်း ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။
ယင်းထုတ်ပြန်ချက်သည် မြောက်ကိုရီးယား နိုင်ငံက တောင်ကိုရီးယား အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် အဆိုပြုလွှာ ပေးပို့ပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ မြောက်ကိုရီးယား အနေဖြင့် ကိုရီးယား ကျွန်းဆွယ် အတွင်း ငြိမ်းချမ်းမှု နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်လာစေရန် ရိုးသားသော ဆန္ဒရှိပါက နျူကလီးယားလမ်းစဉ် စွန့်လွှတ်မှုအား လက်တွေ့ လုပ်ဆောင် သက်သေပြသင့်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
မြောက်ကိုရီးယား နိုင်ငံသည် ဇန်နဝါရီလ တွင် ၎င်း၏ လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ ပြီး ဖေဖော်ဝါရီလ တွင် တာဝေးပစ် ဒုံးပျံ တစ်ခု လွှတ်တင်ခဲ့ကာ အဆိုပါ လွှတ်တင်မှုသည် ပဲ့ထိန်း ဒုံးကျည် နည်းပညာအား စမ်းသပ်ရန် အသွင်ပြောင်းထားသည့် လွှတ်တင်မှု တစ်ခု ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင် ရှုံ့ချခဲ့သည်။
ထို့အပြင် မြောက်ကိုရီးယားနိုင်ငံသည် ဇွန်လ ၂၃ ရက်တွင် Hwasong-10 ခေါ် တာလတ်ပစ် ပဲ့ထိန်း ဒုံးကျည် တစ်ခုကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း နှင့် အဆိုပါ ပဲ့ထိန်း ဒုံးကျည်သည် အမြင့်ပေ ၁,၄၁၃.၆ ကီလိုမီတာ မှနေ၍ ခရီးအကွာအဝေး ၄၀၀ ကီလိုမီတာ အထိ ပျံသန်း နိုင်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မြောက်ကိုရီးယား၏ မည်သည့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို မဆို ပိတ်ပင် တားဆီးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.