Asia
မွမ်ဘိုင်းရှိ အိန္ဒိယ၏ အကြီးဆုံး ဆင်းရဲသား ရပ်ကွက်နယ်မြေတွင် မီးလောင်

နယူးဇီလန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၏ စီးပွားရေး မြို့တော် မွမ်ဘိုင်းက အကြီးဆုံး ဆင်းရဲသားရပ်ကွက်ဖြစ်သော Dharavi ရှိ အထည်ချုပ် ဂိုဒေါင် တစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မီးလောင်မှုကြောင့် ပျက်စီးမှု ကြီးကြီးမားမား မရှိသေးကြောင်း ရဲအရာရှိ တစ်ဦးက ပြောသည်။
“ဒီနေ့ မနက်ပိုင်းက Dharavi Transit မှာရှိတဲ့ အထည်ချုပ်ဂိုဒေါင် နှစ်ထပ်ရှိ အခန်းတစ်ခန်းမှာ စပြီး မီးလောင်ခဲ့ပြီး မကြာမီမှာပဲ အခြားအထပ်တွေကို မီးကူးစက် လောင်ကျွမ်းသွားခဲ့တယ်” ဟု ၎င်းက ဆိုသည်။
မီးသတ်ကား ၈ စင်းဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး ဂိုဒေါင် တစ်ခုတည်း မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။
လျှပ်စစ် Short-circiut ကြောင့် မီးလောင်ကျွမ်းရသည်ဟု သံသယရှိထားသော်လည်း သေချာသည့် အကြောင်းရင်းအား ရှာဖွေရန် ညွှန်ကြားထားကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
လူဦးရေ ၇၀၀၀၀၀ ခန့် နေထိုင်သည့် Dharavi နယ်မြေသည် အိန္ဒိယတွင် သာမက ကမ္ဘာပေါ်တွင်လည်း အကြီးဆုံး ဆင်းရဲသားနယ်မြေ တစ်ခု ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်ကလည်း Dharavi Premnagar လူဆင်းရဲသား ရပ်ကွက်တွင် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရာ လူနေတဲတန်းများနှင့် ဂိုဒေါင် ၁၅၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။ (Xinhua)