Connect with us

Asia

မလေးရှားနိုင်ငံရှိ ဘာသာရေးကျောင်းမီးလောင်မှုနှင့်ဆက်စပ်၍ လူ ၇ ဦးကို ဖမ်းဆီးထား


ကွာလာလမ်ပူ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘာသာရေးကျောင်း မီးလောင်မှုနှင့်ဆက်စပ်၍ သံသယရှိသူ ဆယ်ကျော်သက်အရွယ် လူငယ် ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း စက်တင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကွာလာလမ်ပူ ရဲချုပ် Amar Singh Ishar Singh က ပြောကြားခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲအတွင်း ရဲချုပ်က မီးလောင်မှုနှင့်ပတ်သက်သည့် သက်သေခံပစ္စည်းများကိုလည်း သတင်းသမားများအား ပြသခဲ့ကြောင်းသိရသည်။

ဘာသာရေးကျောင်းမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် သက်သေခံပစ္စည်းများကို ကွာလာလမ်ပူ ရဲချုပ် Amar Singh Ishar Singh က သတင်းစာရှင်းလင်းပွဲတွင် ပြသနေစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ရဲချုပ် Amar Singh Ishar Singh က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

၎င်း ဘာသာရေးကျောင်းမီးလောင်မှုအတွင်း လူပေါင်း ၂၃ ဦးသေဆုံးခဲ့ရပြီး အများစုမှာ ကျောင်းသားလေးများ ဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ကဆိုသည်။(Xinhua)