Asia
အင်ဒိုနီးရှားတွင် ရစ်ချ်တာစကေး ၆.၆ ရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခတ်
ဂျာကာတာ၊ မေ ၃၀ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝီစီ ပြည်နယ် တွင် မေလ ၂၉ ရက် ညနေပိုင်းက ရစ်ချ်တာစကေး ၆.၆ အင်အား ရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဋ္ဌာန ကပြောကြားခဲ့သည်။
အဆိုပါငလျင်သည် ပြည်နယ်၏ ပိုဆိုခရိုင် အနောက်မြောက်ဘက် ၃၈ကီလိုမီတာ အကွာ တွင် မြေပြင်အနက် ၄၃ကီလိုမီတာ ကို ဗဟိုပြု၍ ဒေသစံတော်ချိန် ၂၁း၃၅နာရီ (ဂရင်းနစ် စံတော်ချိန် ၁၄၅၃နာရီ) က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။
တာဝန်ရှိသူ က “ငလျင်လှုပ်ခတ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားသိရှိခဲ့ပေမယ့် ဆူလာဝီစီပြည်နယ်မှာရှိတဲ့ အခြားရုံးခွဲတွေဆီကိုတော့ ယခုအချိန်အထိ အပျက်အစီး အထိအခိုက်သတင်းတွေ ရောက်မလာသေးပါဘူး” ဟုပြောကြားခဲ့သည်။ (Xinhua)