Connect with us

Asia

တရုတ်နှင့် ဂျပန် စတုတ္ထအကြိမ်မြောက် အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်

တရုတ်နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံ ယန်ကျဲ့ချီ (ဝဲ) နှင့် ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေး ရှိုတာရို ယာချီ (ယာ) တို့အား မေလ ၂၉ ရက်က ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် တရုတ်-ဂျပန် အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ မေ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီနှင့် ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေး ရှိုတာရို ယာချီတို့သည် ဂျပန်နိုင်ငံ၌ မေလ ၂၉ ရက်က ပြုလုပ်ခဲ့သော နှစ်နိုင်ငံ အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲအား ပူးတွဲဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ၌ တရုတ်-ဂျပန် ဆက်ဆံရေးများသည် တရုတ်-ဂျပန် သံတမန် ဆက်ဆံရေး၏ ၄၅ နှစ် ပြည့်မြောက်သည့် နှစ်ပတ်လည် ဖြစ်သလို နှစ်နိုင်ငံ အခွင့်အလမ်းသစ်များနှင့် အောင်မြင်မှုရှိသည့် စိန်ခေါ်မှုများဖြင့် အရေးပါသည့် အဆင့်တွင် ရှိနေပါကြောင်း ယန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် ဂျပန်နိုင်ငံ၏ ဆက်ဆံရေး တိုးတက်မှုအပေါ် အလေးထားကြောင်းနှင့် ထို ရပ်တည်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် သမိုင်းကြောင်းနှင့် ထိုင်ဝမ်အရေးများ၌ ၎င်းတို့၏ ပြောစကားများနှင့် ဆက်စပ်သော ဥပဒေများအား လေးစားလိုက်နာပေးရန်နှင့် အရှေ့ တရုတ်ပင်လယ်တွင် ငြိမ်ချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းစောင့်ရှောက်ရာတွင် တရုတ်နှင့်အတူ ပူးတွဲ ပြုလုပ်ရန် ယန်က တိုက်တွန်းခဲ့သည်။

ထို့ပြင် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍လည်း သတိဖြင့် ပြောဆို ပြုမူရန်၊ ဒေသတွင်း ဆက်စပ်သည့် နိုင်ငံများနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ လုပ်ဆောင်ကာ နယ်မြေ ပိုင်ဆိုင်မှုအရေးကို အားထုတ် ဖြေရှင်းသင့်ကြောင်း၊ ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဂျပန်နိုင်ငံက ပူးပေါင်း ဆွေးနွေးလာသည့်အတွက် ကြိုဆိုကြောင်း၊ နှစ်နိုင်ငံလုံး အနေဖြင့် အသွင်ကူးပြောင်းမှုအား အရှိန်မြှင့်သင့်ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ အဆင့်မြှင့်တင်ခြင်း၊ ကဏ္ဍသစ် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် ယန်က ဖြည့်စွက် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေး ရှိုတာရို ယာချီကလည်း အာရှတွင် နိုင်ငံကြီး နှစ်ခု ဖြစ်သော တရုတ်နှင့် ဂျပန်အကြား ပူးပေါင်းဆောင်ရွက်မှုသည် ဒေသအတွင်း မရှိမဖြစ် လိုအပ်ကြောင်း၊ အခြား ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံ တစ်နိုင်ငံချင်းစီနှင့်လည်း ရရှိထားသည့် သဘောတူညီချက်များအတိုင်း အပြည့်အဝ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့် ထိုင်ဝမ်အရေးနှင့် အခြား သမိုင်းကြောင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ရပ်တည်ချက်အား ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ရန်အတွက် ဂျပန်က ရည်မှန်းထားကြောင်း၊ နယ်ပယ်အားလုံးတွင် တရုတ်နှင့် တိုးမြှင့်ဖလှယ်ရန် ပူးတွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အပြုသဘောဆောင်သော ကဏ္ဍများ ချဲ့ထွင်ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အငြင်းပွားမှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ယာချီက ပြောသည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် နိုင်ငံတကာနှင့် ဒေသတွင်း ဆက်စပ်သည့် ကိစ္စရေးရာများအား အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.