Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် ဘတ်စ်ကား တိုက်မှုကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံး

လမ်းဘေးတွင် တိမ်းမှောက်နေသည့် ဘတ်စ်ကား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ် အနောက်ဘက်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ဘတ်စ်ကား တစ်စီးနှင့် မော်တော်ဆိုင်ကယ် တစ်စီး တိုက်မိရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး အခြားသူ ၁၈ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံထံမှ ဖေဖော်ဝါရီလ ၁၁ ရက် အစောပိုင်းတွင် သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် Subang ခရိုင် Cicenang ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းဘတ်စ်ကားသည် ဆိုင်ကယ်နှင့် တောင်ကုန်းအား တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေအများကြီးရှိခဲ့တယ်” ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆင်ဟွာသို့ ဖေဖော်ဝါရီလ ၁၀ ရက်နှောင်းပိုင်းက တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

ဘတ်စ်ကားပေါ်တွင် လူ ၄၅ ယောက်ခန့် လိုက်ပါလာခြင်း ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရခြင်း အကြောင်းရင်းအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Subang အထွေထွေဆေးရုံကြီးမှ အချက်အလက်များအရာ သေဆုံးသူမှာ ၂၇ ဦးရှိကြောင်း၊ အခြား သူ ၁၈ ဦးသည်လည်း စိုးရိမ်ဖွယ်ရာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများအား ဆေးရုံ အရေးပေါ်ကုသဆောင်၌ ကုသပေးနေကြာင်း၊ ဒဏ်ရာရသူ အများစုမှာ အရိုးကျိုးခြင်းနှင့် ဦးခေါင်း၌ ပြင်းထန်စွာ ထိခိုက်မိခြင်းများ ခံစားရကြောင်း သိရသည်။ (Xinhua)