Connect with us

Asia

အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် သေနတ်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ကလေးမွေးဖွားခဲ့

အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ကင်းစောင့်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် သေနတ်ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သော အမျိုးသမီးတစ်ဦးသည် ဖေဖော်ဝါရီလ ၁၀ ရက်က စစ်ဆေးရုံတစ်ရုံသို့ တက်ရောက်ခဲ့ပြီးနောက် သမီးမိန်းကလေး တစ်ဦး မွေးဖွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Paramjit Kaur အမည်ရှိသော မိခင်နှင့် ၎င်း၏ သမီးလေးမှာ ကျန်းမာလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် Sunjuwan စစ်စခန်းအတွင်း အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွများအကြား ပစ်ခတ်မှုအတွင်း ကျောကုန်းအောက်ဘက်တွင် သေနတ်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းအား စစ်တပ်ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

၎င်းအား စစ်ဆေးရုံ၌ တက်ရောက်ကုသစေခဲ့ပြီး သမီးမိန်းကလေး မွေးဖွားနိုင်ရန် လိုအပ်သော ကျန်းမာရေး အကူအညီများ ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေး သတင်းအရင်းအမြစ်များမှာ နောက်ဆုံးရရှိသည့် တရားဝင် အချက်အလက်များအရ ပစ်ခတ်မှုအတွင်း စစ်သွေးကြွ ၃ ဦးသေဆုံးပြီး အိန္ဒိယဘက်မှ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်သွေးကြွများထံမှ AK-56 ရိုင်ဖယ်သေနတ်များ၊ လက်ပစ်ဗုံးများနှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117