Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် ဂတ်စ်မီးခြစ်စက်ရုံမီးလောင်မှုကြောင့် သေဆုံးသူ ၃၀ ဦးရှိ

အင်ဒိုနီးရှားနိုင်ငံ စူမတ်တြားကျွန်းမြောက်ဘက် ဘင်ဂျိုင်မြို့ရှိ မီးလောင်မှုဖြစ်ပွားခဲ့သည့် ဂတ်စ်မီးခြစ်စက်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ စူမတ်တြားကျွန်းမြောက်ဘက် ဘင်ဂျိုင်မြို့၌ ဇွန်လ ၂၁ ရက်တွင် ဂတ်စ်မီးခြစ်စက်ရုံ မီးလောင်မှုကြောင့် သေဆုံးသူ ၃၀ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံရုပ်မြင်သံကြားဖော်ပြချက်အရ သိရသည်။

“အနည်းဆုံး သေဆုံးသူ ၃၀ ဦးက အရွယ်ရောက်ပြီးသူ ၂၇ ဦးနဲ့ ကလေး ၃ ဦးဖြစ်ပါတယ်” ဟု လန်ကတ်ဒေသ သဘာဝဘေးလျော့ပါးရေးရုံး အကြီးအကဲ Irwan Sjahri ၏ ပြောကြားချက်အား ကိုးကား၍ MetroTV က သတင်းဖော်ပြထားသည်။

ဘင်ဂျိုင်ခရိုင် ဆမ်ဘီရီဂျိုကျေးရွာရှိ မီးလောင်မှုအား ကြီးကြပ်ကွပ်ကဲနေသည့် Sjahri က မီးလောင်ဒဏ်ခံရသူများအား ဘင်ဂျိုင်ရှိ Ilham နှင့် Bhayangkara ဆေးရုံများသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား နံနက် ၁၁း၃၀ နာရီဝန်းကျင်က ပထမဆုံးမြင်တွေ့ခဲ့ရသည်ဟုဆိုသည်။

မျက်မြင်သက်သေတစ်ဦး၏အဆိုအရ မီးလောင်မှုမဖြစ်မီ ပေါက်ကွဲသံကြားရကြောင်း၊ အလုပ်သမားအများစုမှာ အခန်းတစ်ခုအတွင်း၌ အတူတကွ နေလျက်ရှိကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများ၊ နေထိုင်သူများနှင့် မီးသတ်သမားများက နှစ်နာရီကြာအောင် ငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်ရသည့်အကြောင်းရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.