Connect with us

Asia

တောဆင်ရိုင်း တက်နင်းပြီး အစွယ်ဖြင့်ထိုးမှုကြောင့် ထိုင်းလယ်သမားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံ သစ်တောအတွင်းရှိ ဆင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အရှေ့မြောက် ဘူရီရမ်ပြည်နယ်ရှိ လယ်သမားတစ်ဦးမှာ တောဆင်ရိုင်းတစ်ကောင်၏ တက်နင်းခြင်းနှင့် အစွယ်ဖြင့်ထိုးခြင်းကြောင့် သေဆုံးခဲ့ပြီး ၎င်း၏ဇနီးမှာလည်း သေဘေးမှသီသီလေး လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ဇွန်လ ၂၀ ရက် အစောပိုင်းက အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများ ရောက်ရှိလာချိန်တွင် အူများအပြင်ဘက်ထွက်နေသည့် အသက် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦးအား စိုက်ခင်းအတွင်း သေဆုံးလျက်ရှိသည်ကို တွေ့ခဲ့ကြသည်။ ဒဏ်ရာများမှာ ယင်းအမျိုးသား၏ ဝမ်းဗိုက်ပေါ်တွင် တွေ့ခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသား၏ ဇနီးပြောပြချက်အရ ၎င်းတို့မိသားစုနှင့် အလုပ်သမား ၁၀ ဦးတို့မှာ စိုက်ခင်းအတွင်း ပီလောပီနံရိတ်သိမ်းရန် သွားခဲ့ကြောင်း၊ နောက်တစ်နေ့နံနက်တွင် ပိုးသတ်ဆေးဖြန်းရန် ၎င်းတို့ဇနီးမောင်နှံသာ စိုက်ခင်းအတွင်း ညအိပ်ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောရိုင်းဆင် ၃ ကောင်က အစာရှာဖွေရန် ၎င်းတို့အိပ်နေသည့်တဲရှိရာသို့ ချဉ်းကပ်လာခြင်းဖြစ်ကြောင်း၊ ယင်းဆင်များအနက် တစ်ကောင်က အမျိုးသားအားတွေ့သွားခဲ့ပြီး ၎င်း၏အစွယ်ဖြင့်ထိုးခဲ့သဖြင့် အမျိုးသားမှာ ချက်ချင်းသေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ဇနီးမှာ အနီးရှိ ထရပ်ကားအောက်တွင်ပုန်းခိုနေပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ထိုင်းနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် ယဉ်ပါးသောဆင် ၃,၅၀၀ ကောင်ခန့်နေထိုင်လျက်ရှိပြီး တောဆင်ရိုင်း ၃,၃၄၀ ကောင်ခန့်မှာ နိုင်ငံတစ်ဝန်းရှိ ဘေးမဲ့တောနှင့် အမျိုးသားဥယျာဉ် ၆၉ ခုတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.