Asia
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများကြောင့် လူ ၂ ဦးသေဆုံး

ဂျကာတာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆူမတြားပြည်နယ် အနောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် လူ ၂ ဦးသေဆုံးပြီး အခြားသူ ၃၀၀ ခန့် ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၃ ရက်တွင် ပြောကြားလိုက်သည်။
ဆူမတြားပြည်နယ်မြို့တော် Padang တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေကြီးကာ ကမ်းပါးများ ရေတိုက်စားပြီး နေအိမ် ၆၀၀ ခန့် နစ်မြုပ်သွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ် Ariza Rico က ပြောကြားခဲ့သည်။
“ရေစီးသန်မှုကြောင့် မြို့မှာ ဒေသခံ ၂ ယောက်သေဆုံးသွားတယ်” ဟု ၎င်းက တယ်လီဖုန်းမှတစ်ဆင့် ဆင်ဟွာသို့ ပြောခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းစဉ် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ မကြာခဏဖြစ်ပွားလျက်ရှိသည်။ (Xinhua)