Connect with us

Asia

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား အားကစား ဆွေးနွေးပွဲများ လျာထားသည့်အတိုင်း စတင်ပြုလုပ်

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့ ဧပြီလာ ၂၇ ရက်က နှစ်နိုင်ငံ နယ်စပ်ကျေးရွာ ပန်မွန်ဂျုံတွင် တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် အားကစားဆွေးနွေးပွဲများအား နိုဝင်ဘာလ ၂ ရက်တွင် စီစဉ်ထားသည့်အတိုင်း စတင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ မီဒီယာမှ စုပေါင်းထုတ်ပြန်သော သတင်းအရ သိရသည်။

ဆွေးနွေးပွဲများအား မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ နယ်စပ်မြို့ Kaesong ရှိ ကိုရီးယားနှစ်နိုင်ငံ ပူးတွဲဆက်ဆံရေးရုံးတွင် ဒေသစံတော်ချိန် နံနက် ၁၀း၀၀ နာရီတွင် စတင်ခဲ့သည်။

တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို အားကစား ဒုတိယဝန်ကြီး Roh Tae-kang ဦးဆောင်လာခဲ့ပြီး မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို အားကစား ဒုတိယဝန်ကြီး Won Kil U က ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ခုနှစ် နွေရာသီ အိုလံပစ်တွင် ပူးတွဲပါဝင်ရေးနှင့် ၂၀၃၂ ခုနှစ် နွေရာသီ အိုလံပစ်ကို ပူးတွဲ လက်ခံကျင်းပရေးအကြောင်းကို ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ အားကစား ဒုတိယဝန်ကြီး Roh က သတင်းထောက်များကို ပြောခဲ့သည်။

နွေရာသီ အိုလံပစ် ပူးတွဲကျင်းပရေးနှင့် ပါဝင်ရေးကို စက်တင်ဘာလက ပြုံယမ်းတွင် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့၏ တတိယအကြိမ် ထိပ်သီးအစည်းအဝေးတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။

ယခု ကိုရီးယားနိုင်ငံအချင်းချင်း အားကစားပွဲများ ဆွေးနွေးခြင်းကို လေးလကြာပြီးနောက် ထပ်မံကျင်းပခြင်း ဖြစ်ကြောင်း၊ ယခင် ဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံက လက်ခံကျင်းပသော စားပွဲတင်တင်းနစ်ပွဲစဉ်သို့ မြောက်ကိုရီးယားနိုင်ငံမှ အားကစားသမားများ စေလွှတ်ခဲ့ချိန် ဇူလိုင်လ ၅ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.