Connect with us

Asia

အင်ဒိုနီးရှား စစ်လေယာဉ် ပျက်ကျ မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံး

အင်ဒိုနီးရှားရှိ လူနေရပ်ကွက်ပေါ်သို့ပျက်ကျသွားသော Hercules C-130 စစ်လေယာဉ် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား စစ်လေယာဉ် Hercules C-130 သည် ဇွန်လ ၃၀ ရက်နေ့က ဆူမားတြားရှိ မီဒန် (Medan) မြို့ လူနေ ရပ်ကွက်တွင် ပျက်ကျ ခဲ့သည်။ အင်ဒိုနီးရှား လေတပ် ဦးစီးချုပ် Marshal Agus မှ လေယာဉ် ပေါ်တွင် လူပေါင်း ၁၁၃ ဦးလိုက်ပါ သွားပြီး အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း ပြောကြားခဲ့သည်။

Augus မှ စစ်လေယာဉ် ပေါ်တွင် လေယာဉ်ဝန်ထမ်း ၁၂ ဦး နှင့် အခြား ခရီးသည် ၁၀၁ ဦး လိုက်ပါသွားခဲ့ကြောင်း ၊ သေဆုံးသူ ဦးရေ ဒီထက် ပိုမို များပြား နိုင်ကြောင်း ပြောကြား ခဲ့သည်။

အင်ဒိုနီးရှား စစ်ဘက် ဆိုင်ရာ မှလည်း စစ်လေယာဉ် ပျက်ကျသည့် သတင်းအား အတည်ပြုခဲ့သည်။ အင်ဒိုနီးရှား လေတပ် ပြောရေးဆိုခွင့် ရှိသူ မှ လေယာဉ်သည် မီဒန် (Medan) မြို့ မှ စတင်ထွက်ခွာ ခဲ့ပြီး ပျက်ကျ ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
ထိုစစ်လေယာဉ်သည် မီဒန်မြို့လယ်ခေါင်ရှိ Polonia လေဆိပ်ဟောင်းမှ စတင် ပျံသန်းပြီး ၂ မိနစ်ခန့်အကြာတွင် လူနေထူထပ်သည့် နေရာသို့ ပျက်ကျခဲ့သောကြောင့် သေဆုံးသူ ဦးရေ သည် လေယာဉ်ပေါ်မှ ၁၁၃ ဦးအပြင် မြေပြင်ရှိ လူများလည်း ထိခိုက် သေဆုံး ခဲ့ရ သဖြင့် သေဆုံးသူ ဦးရေ သည် ပိုမို များပြား နိုင်ကြောင်း သိရှိရသည်။

Hercules C-130 လေယာဉ်သည် ပျက်ကျမှု အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး အဆိုးရွားဆုံး ပျက်ကျမှု နှစ်ခုမှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ နှင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ လ တွင်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.