Connect with us

Asia

အင်ဒိုနီးရှား စစ်လေယာဉ် ပျက်ကျ မှုကြောင့် အနည်းဆုံး လူ၂၀ ဦး သေဆုံး


ဂျာကာတာ ၊ ဇွန် ၃၀ (ဆင်ဟွာ)

ဆူမားတြားရှိ မီဒန် (Medan) မြို့ လူနေ ရပ်ကွက်တွင် Hercules C-130 စစ်လေယာဉ် ပျက်ကျ မှုကြောင့် အနည်းဆုံလူ ၂၀ ဦး သေဆုံးကြောင်း အင်ဒိုနီးရှား မီဒီယာများတွင် ဖော်ပြ ထားသည်။

Hercules C-130 စစ် လေယာဉ်တွင် လေယာဉ် ဝန်ထမ်း ၁၂ ဦး လိုက်ပါလာကာ ဒေသ စံတော်ချိန် နေ့လည် ၁၂း၁၄ မိနစ် အချိန်တွင် မြောက်ဆူမားတြား ပြည်နယ် မြို့တော် မီဒန်တွင် ပျက်ကျ ခဲ့ခြင်း ဖြစ်သည်။ ၎င်း စစ် လေယာဉ်သည် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း လေတပ်က ထိပ်တန်း အရာရှိ ကြီး Agus Supriatna က ပြောကြား ထားသည်။

သေဆုံးသည့် ရုပ်အလောင်း ၂၀ မှာ Adam Malik ဆေးရုံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းကို ၎င်းဆေးရုံက ပြောရေးဆိုခွင့် ရှိသူ Sairi Saragih က အင်ဒိုနီးရှား မီဒီယာများတွင် ဖြေကြား ထားသည်။

အင်ဒိုနီးရှားရှိ လူနေရပ်ကွက်ပေါ်သို့ပျက်ကျသွားသော Hercules C-130 စစ်လေယာဉ် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

“လေယာဉ်ပေါ်မှာ လေယာဉ် မှူး ၃ ဦး၊ လေကြောင်းပြ ၁ ဦး ၊ နည်းပညာပိုင်း ပညာရှင် ၈ ဦး အပါအဝင် လေယာဉ် ဝန်ထမ်း ၁၂ ဦး စီးနင်း လိုက်ပါလာပါတယ်။ ဒီ လေယာဉ်က လေတပ် သယ်ယူ ပို့ဆောင်ရေး လေယာဉ် ဖြစ်ပြီး ထောက်ပံ့ ပို့ဆောင်ရေး နဲ့ စစ်မှုထမ်း တွေကို တခြားဒေသ ကို ပြောင်းရွှေ့ ပေးဖို့ ဖြစ်ပါတယ်” ဟု Agus က ပြောကြားသည်။

လေယာဉ် မပျက်ကျမီတွင် လေယာဉ်မှူးက မြေပြင်ကို ပြန်လည် ဆင်းသက်ရန် မေးမြန်း ခဲ့ကြောင်း ၊ လေယာဉ်မှူး တွေနဲ့ ဆက်သွယ်တဲ့ လေဆိပ် တာဝါ ထိန်းချုပ်ရေး အရာရှိတွေရဲ့ အတည် ပြုချက်တွေ အရ လေယာဉ် ဟာ ပျက်မကျခင်မှာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ကြုံတွေ့ရ နိုင်ပါတယ်” ဟု ၎င်းက ထပ်မံ ပြောကြားသည်။ ထို လေယာဉ်ကို ၁၉၆၄ ခုနှစ်တွင် ထုတ်လုပ် ခဲ့သည်။

ထိုစစ်လေယာဉ်သည် မီဒန်မြို့လယ်ခေါင်ရှိ Polonia လေဆိပ်ဟောင်းမှ စတင် ပျံသန်းပြီး ၂ မိနစ်ခန့်အကြာတွင် လူနေထူထပ်သည့် နေရာသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.