Connect with us

Asia

အင်ဒိုနီးရှား လှေတိမ်းမှောက်မှုတွင် ၈၀ ဦးခန့် ပျောက်ဆုံးလျက်ရှိပြီး ၃ ဦးသေဆုံး

တိမ်းမှောက်သွားသော လှေ၏ ကိုလာကာမှ Sulawesi တောင်ဘက် Siwa သို့သွားရာ လမ်းကြောင်းပြမြေပုံကို တွေ့စဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျာကာတာ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း ၁၀၀ ကျော် တင်ဆောင်လာသည့် လှေတစ်စီးသည် Sulawesi ကျွန်းအနီး တိမ်း မှောက်သွားခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေလည်အထိ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ၈၀ ဦးခန့် ပျောက်ဆုံးလျက်ရှိကြောင်း Sulawesi ကျွန်းတောင်ဘက်ရှိ ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ သဘောၤမှောက်မှုတွင် ခရီးသည် ၃၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ခဲ့သူ အားလုံးကို Siwa ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။ သို့သော် ခရီးသည် ၁၀၈ ဦးနှင့် ဝန်ထမ်း ၁၀ ဦးပါဝင်သည့် အဆိုပါ လှေမှာ Bone ရေလက်ကြားအနီး မုန်တိုင်း တိုက် ခတ်ခံရပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလှေမှာ Sulawesi ကျွန်း၏ အရှေ့တောင်ဘက်ရှိ ကိုလာကာမြို့မှ Sulawesi တောင်ဘက် Siwa မြို့သို့သွားမည့် လှေဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.