Connect with us

Asia

မွမ်ဘိုင်းတွင် Air India အင်ဂျင်နီယာ တစ်ဦး လေယာဉ် အင်ဂျင် အတွင်း ညပ်ပြီး သေဆုံး

Air India လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယ လေကြောင်းလိုင်း (Air India) ၏ မြေပြင် အင်ဂျင်နီယာ တစ်ဦးသည် ထူးခြားသည့် ဖြစ်စဉ်တစ်ခုအဖြစ် လေယာဉ် အင်ဂျင် အတွင်း ညပ်ပါသွားခဲ့ပြီးနောက် သေဆုံးသွားသည့် ဖြစ်ရပ် တစ်ခု မွမ်ဘိုင်းလေဆိပ်၌ ဒီဇင် ဘာလ ၁၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် ည ၉း၀၀ နာရီခန့်တွင် ဟိုက်ဒရာဘတ် (Hyderabad) မြို့သို့ သွားမည့် လေယာဉ် မထွက်ခွာမီ မိနစ် အနည်းငယ် အကြာ တွင် ထိုသို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အကြီးတန်းလေကြောင်း အရာရှိ တစ်ဦးက ဒီဇင်ဘာလ ၁၇ ရက်က ပြောကြာခဲ့သည်။

သေဆုံးသွားသူမှာ Ravi Subramaniam ဖြစ်ပြီး ညပ်ပါသွားသည့် ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ဆွဲထုတ်ရန် လေယာဉ် အင်ဂျင်အား တစ်စစီဆွဲဖြုတ်ခဲ့ရသည်။

လေကြောင်းလိုင်းက ယင်း မတော်တဆမှုအား စုံစမ်းရန် ညွှန်ကြားထားကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများအား စောင့်ကြည့် သွားမည့်အကြောင်း အထက်ပါ အရာရှိက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.