Asia
အမေရိကန်သမ္မတ နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ အရေးကြီးစာချုပ်တစ်ခုအား လက်မှတ်ရေးထိုး

စင်ကာပူ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ၎င်းတို့၏ သမိုင်းဝင် ထိပ်သီးအစည်းအဝေးပွဲ ပြီးနောက် ဇွန် ၁၂ ရက်တွင် စာချုပ်တစ်ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
လက်မှတ်ရေးထိုးပွဲအခမ်းအနား ၌ ထရမ့်က ယင်းစာချုပ်သည် အလွန်ကို အရေးကြီးပြီး ပြီးပြည့်စုံသော စာချုပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကင် က ယင်းစာချုပ်အား သမိုင်းဝင်စာချုပ်အဖြစ် ခေါ်ဆိုခဲ့ပြီး နှစ်ဖက်စလုံးသည် အတိတ်ကို နောက်မှာထားခဲ့ကာ အဓိကပြောင်းလဲမှုကြီးတစ်ခုကို မကြာမီ ကမ္ဘာက မြင်တွေ့ရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)