Connect with us

Asia

အိမ်ဖြူတော်သို့လာရောက်လည်ပတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်ကို ကင်ဂျုံအန် လက်ခံ

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် နှင့် အမေရိကန်နိုင်ငံသမ္မတ တို့ လက်ဆွဲ နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန်နိုင်ငံသို့လာရောက်လည်ပတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဖိတ်ကြားမှုကို လက်ခံခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဇွန်လ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

စင်ကာပူနိုင်ငံ၌ ပြုလုပ်သော ထိပ်သီးအစည်းအဝေးအတွင်း အဆင်ပြေသောအချိန်တစ်ခုတွင် မြောက်ကိုရီးယားနိုင်ငံသို့လာရောက်လည်ပတ်ရန် ကင်ဂျုံအန်၏ ဖိတ်ခေါ်ချက်တစ်ခုကိုလည်း ထရမ့်က လက်ခံခဲ့ကြောင်း KCNA သတင်းက ဆိုသည်။

မြောက်ကိုရီးယားနှင့်အမေရိကန်အကြား ပြုလုပ်သည့် ဆွေးနွေးမှုသည် ကောင်းမွန်သော အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံဘက်က ရန်စမှုအဖြစ် ရှုမြင်ထားသည့် အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယာယီရပ်တံ့ထားရန် အမေရိကန်က သဘောတူကြောင်း ၊ မြောက်ကိုရီးယားနိုင်ငံ၏လုံခြုံရေးအတွက် အာမခံကြောင်း နှင့် နှစ်ဖက်ဆွေးနွေးမှု ၊ ညှိနှိုင်းမှုပြုလုပ်ပြီး နှစ်ဖက်အပြန်အလှန်ဆက်ဆံရေးကောင်းမွန်လာပါက ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု KCNA က ဆိုသည်။

ကင်က မြောက်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့အကြား တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ ဆန့်ကျင်နေမှုကို ပြန်လည်သုံးသပ်သွားကြရန် ကတိပြုခဲ့ပြီး ဥပဒေကြောင်းအရ ခိုင်မာမှု ရရှိသည်အထိ အဆင့်ဆင့်လုပ်ဆောင်သွားရန် မျှော်လင့်ထားကြောင်း KCNA က ဆိုသည်။

ထို့ပြင်မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်က “ တစ်ဖက်နဲ့တစ်ဖက် စစ်ရေးအရ ရန်လိုနေမှုကို အဆုံးသတ်သွားဖို့နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို လက်တွေ့ကျကျ ရှေ့ဆက်လုပ်ဆောင်သွားရေး နှစ်ဖက်ပူးတွဲကြေညာချက်ကို ဆောလျင်စွာထုတ်ပြန်သွားနိုင်ဖို့” အတွက်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

၁၉၅၀-၅၃ ခုနှစ် အတွင်းဖြစ်ပွားခဲ့သော ကိုရီးယားကျွန်းဆွယ်စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် အမေရိကန်စစ်သားများ၏ ရုပ်အလောင်းကို ရှာဖွေရေးနှင့် အတည်ပြုပြီးသော အလောင်းများကို နေရပ်ပြန်လည် ပို့ဆောင်ရေး အတွက် ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်ကို ကင်ဂျုံအန်က ချက်ချင်း သဘောတူညီခဲ့ကြောင်း KCNA သတင်းဖော်ပြချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.