Asia
အရှေ့တောင်အာရှနိုင်ငံများသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာရောက်လည်ပတ်မည်
ဝါရှင်တန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်သည် သြဂုတ် ၅ ရက်မှ ၉ရက်အတွင်း ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံများသို့ သွားရောက် လည်ပတ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တေလာဆန်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်း ဒေသတွင်းဖိုရမ် သို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးပွဲများအတွင်း ၎င်းသည်အခြားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ နှင့် တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ် အတွင်းနျူကလီးယားကင်းစင်ရေး၊ ရေကြောင်းလုံခြုံမှု နှင့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ထိုင်းနိုင်ငံတွင် တေလာဆန်သည် ကွယ်လွန်ပြီးထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလျာဒတ် အား သွားရောက်ဂါရဝပြုမည်ဖြစ်ပြီး ထိုင်းနိုင်ငံ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အမေရိကန်-ထိုင်း မိတ်ဖက်ဆက်ဆံရေး နှင့် ဒေသတွင်းကိစ္စရပ်များ နှင့် ပတ်သက်စေ့စပ်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း တေလာဆန်သည် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နှစ်ပေါင်း ၆၀ကြာမြင့်ပြီဖြစ်သော် အမေရိကန်-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို အခြေခံ၍ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ခိုင်မာလာစေရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။ (Xinhua)