Connect with us

Asia

ပါကစ္စတန်နိုင်ငံ၏ ၂၈ဦးမြောက် ဝန်ကြီးချုပ် အဖြစ် ရှာဟစ်ခါကွမ်အဘာစီ ကျမ်းသစ္စာကျိန်ဆို

ပါကစ္စတန်နိုင်ငံ၏ ၂၈ဦးမြောက် ဝန်ကြီးချုပ် အဖြစ် သြဂုတ် ၁ရက် က ရှာဟစ်ခါကွမ်အဘာစီ (ယာ) ကျမ်းသစ္စာကျိန်ဆိုနေစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်လွှတ်တော်က ဝန်ကြီးချုပ်ရာထူးအတွက် ရှာဟစ်ခါကွမ်အဘာစီ အား မဲအများစုဖြင့် ရွေးချယ်ခဲ့ပြီးနောက် ၎င်းသည် သြဂုတ် ၁ရက် ညနေပိုင်းတွင် ပါကစ္စတန်နိုင်ငံ၏ ၂၈ဦးမြောက် ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

အထက်တရားရုံးက ဝန်ကြီးချုပ်ဟောင်း နာဝက်စ် ရှရစ်ဖ် အား အကျင့်ပျက်ခြစားမှုများဖြင့် ဖြုတ်ချခဲ့ပြီး ၄ရက်အကြာတွင် အဘာစီ အနေဖြင့် ယခုလို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်သည်။ ၎င်းသည် နာဝက်စ် ရှရစ်ဖ် ၏ PML-N ပါတီမှဖြစ်ကြောင်း သိရသည်။

အဘာစီသည် ဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံရပြီးနောက် ပါကစ္စတန်အောက်လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်ဟောင်း နာဝက်စ် ရှရစ်ဖ် အပေါ် အထက်တရားရုံးက ဇူလိုင် ၂၈ ရက်တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့ကြောင်း သိရသည်။

အဘာစီက ရှရစ်သည် အကျင့်ပျက်ခြစားမှု တွင် မည်သည့်အခါမှ ပါဝင်ခဲ့ခြင်းမရှိဘဲ ၎င်းသည် အနာဂါတ်တွင် နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း က နိုင်ငံတော်၏ အခွန်ကိစ္စ၊ လျှပ်စစ်မီးရရှိရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားခဲ့ပြီး နိုင်ငံတော်၏ လုံခြုံရေးနှင့် ပတ်သက်၍ နိုင်ငံသားများ အနေဖြင့် အလိုအလျောက်ပစ်ခတ်နိုင်သည့် လက်နက်များ ကိုင်ဆောင်ခြင်းကို တားမြစ်သွားမည်ဖြစ်ကာ ၎င်းတို့ကိုင်ဆောင်ထားသည့် လိုင်စင်ရ ယင်းလက်နက်များကို အစိုးရက လျော်ကြေးပေးကာ ပြန်လည်သိမ်းဆည်းသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.