Connect with us

Asia

အာဖဂန်နစ္စတန်နှင့် နယ်စပ် ပါကစ္စတန်ဘက်က ပြန်ဖွင့်ပေး

အာဖဂန်-ပါကစ္စတန် နယ်စပ် ချစ်ကြည်ရေးဂိတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ မေ ၂၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်ကို ၂၃ ရက်ကြာ ပိတ်ထားခဲ့ရာမှ မေလ ၂၇ ရက်က ပါကစ္စတန်ဘက်က ပြန်လည် ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း စစ်တပ်က ပြောကြားလိုက်သည်။

နှစ်နိုင်ငံ နယ်စပ်၌ ပစ်ခတ်မှု ဖြစ်ပွားကာ နှစ်ဘက် အပျက်အစီးများပြားခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံ Balchistan ပြည်နယ် အနောက်တောင်ဘက် Chaman မြို့နယ်စပ်အား မေလ ၅ ရက်က ပိတ်ထားခဲ့သည်။

“အာဖဂန် အာဏာပိုင်တွေဘက်က Ramazan ရှိ Chaman ချစ်ကြည်ရေးဂိတ်ကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ ပါကစ္စတန်က ပြန်ဖွင့်ပေးလိုက်တာပါ” ဟု ပါကစ္စတန် စစ်တပ်၏ မီဒီယာဖြစ်သော ပြည်သူ့ဆက်ဆံရေးမှ ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

Chaman နယ်စပ် ပဋိပက္ခဖြစ်ပြီးနောက် အဆိုပါ နယ်မြေအား ပါကစ္စတန်က ထိန်းချုပ်လိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပါကစ္စတန် စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က အာဖဂန် နယ်စပ်ရဲတပ်ဖွဲ့က Balochistan ပြည်နယ်ရှိ ပါကစ္စတန် နယ်စပ်တပ်ဖွဲ့အား ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

အာဖဂန် တာဝန်ရှိသူများကမူ ပါကစ္စတန် တပ်ဖွဲ့ဝင်များက ၎င်းတို့၏ ပိုင်နက်အား ကျူးကျော်မှုကြောင့် ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.