Connect with us

Asia

သီရိလင်္ကာ ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၁၂၆ ဦးအထိရှိလာ

သီရိလင်္ကာတွင် ရေကြီးမှုကြောင့် ပြောင်းရွှေ့နေရသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ မေ ၂၈ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ မေလ ၂၈ ရက်အထိ သေဆုံးသူ ၁၂၆ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထို့ပြင် သဘာဝဘေးကြောင့် လူပေါင်း ၉၇ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းနှင့် လူဦးရေ တစ်သန်းကျော် အား သက်ရောက်မှုရှိခဲ့ကြောင်း သဘာဝဘေး စီမံခန့်ခွဲမှု စင်တာက ပြောသည်။

မုတ်သုန်ရာသီ သဘာဝဘေးဖြစ်ပွားပြီးနောက် ပုံမှန် ထောက်ပံ့မှုများ ပေးအပ်ရန် သီရိလင်္ကာက တောင်းဆိုထားခဲ့ပြီး ကိုလံဘိုမြို့ရှိ ကုလသမဂ္ဂရုံးက ပြောကြားခဲ့ပြီးကြောင်း၊ နိုင်ငံ၏ တောင်ဘက်နှင့် အနောက်ပိုင်း ဒေသများ ပိုမိုထိခိုက်ခဲ့ကြောင်း သိရသည်။

သီရိလင်္ကာတွင် ရာသီဥတု ဆိုးဝါးမှုကြောင့် ခရိုင်ပေါင်း ၂၅ ခုတွင် ခရိုင် ၁၄ ခုက ရေကြီး၊ မြေပြိုမှုများ ခံစားခဲ့ရသည်။

ထိခိုက်မှု အများဆုံးမှာ Galle ခရိုင် ဖြစ်ပြီး ဒေသခံ ၁၂၈,၀၄၇ ဦး ( အိမ်ထောင်စု ၃၂,၂၁၅ စု) သဘာဝဘေးဒဏ် ခံခဲ့ရသည်ဟုဆိုသည်။

သီရိလင်္ကာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက Galle, Hambantota, Kalutara နှင့် Matara ခရိုင်များ၌ ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် ပြောင်းရွှေ့ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်ခြင်းနှင့် လေပြင်းများ တိုက်ခတ်မှုများမှာ ဇွန်လ ပထမပတ်အထိ ဆက်လက်ရှိမည်ဖြစ်ပြီး လက်ရှိ အခြေအနေထက် ပိုပြီး ဆိုးဝါးလာနိုင်ကြောင်း ခန့်မှန်းရသည်။ (Xinhua)