Asia
အာမေနီးယန်းဝန်ကြီးချုပ် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ရန်ရှိ

ဟနွိုင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
အာမေးနီးယားဝန်ကြီးချုပ် နီကိုပရှင်ယန် (Nikol Pashinyan) က ဗီယက်နမ်နိုင်ငံသို့ ဇူလိုင် ၄ ရက် မှ ၆ ရက် အထိ တရားဝင်ခရီးစဉ်သွားရောက်ရန်ရှိကြောင်း ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
အာမေးနီးယားဝန်ကြီးချုပ် ၏ ခရီးစဉ်အတွင်း ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc နှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားပြီး ဇူလိုင်လ ၅ ရက်တွင် ဗီယမ်နမ်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌ Nguyen Thi Kim Ngan နှင့်လည်းတွေ့ဆုံရန်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ အဆိုအရ သိရသည်။
ဗီယက်နမ်နိုင်ငံ နှင့် အာမေးနီးယားနိုင်ငံ တို့ သည် ၁၉၉၂ ခုနှစ် မှစတင်၍ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်။ (Xinhua)