Connect with us

Asia

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ခြံစည်းရိုးနံရံပြိုကျမှုကြောင့် လူ ၁၃ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ခြံစည်းရိုးနံရံပြိုကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မွမ်ဘိုင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဇူလိုင်လ ၂ ရက် ဒေသစံတော်ချိန် နံနက် ၂း၀၀ နာရီက ခြံစည်းရိုးနံရံပြိုကျခဲ့ပြီး လူ ၁၃ ဦးသေဆုံးကာ အခြားလူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နံရံအပျက်အစီးများအောက်တွင် ဆိုးရွားစွာပိတ်မိနေသည့် လူ ၃ ဦးမှ ၅ ဦးအထိရှိကြောင်း မွမ်ဘိုင်း မြူနီစီပယ် ကော်ပိုရေးရှင်း သဘာဝဘေး စီမံခန့်ခွဲမှုဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့သည်။

မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့နှင့်အတူ အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့က ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းအား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ နံရံပြိုကျမှုှမှာ အိန္ဒိယနိုင်ငံတွင် လေးရက်အတွင်း ဒုတိယမြောက်ဖြစ်ရပ်ဖြစ်သည်။

မွမ်ဘိုင်းမြို့တွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများ ရေဖုံးလွှမ်းပြီး အများပြည်သူသွားလာရေးအတွက် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)