Connect with us

Asia

အိန္ဒိယတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၁ဦးသေဆုံး

အိန္ဒိယနိုင်ငံ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားတစ်စီး ရေမြှုပ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ် တွင် လွန်ခဲ့သည့် ၂၄နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၁ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁၇ ရက်တွင်ပြောကြားခဲ့သည်

သေဆုံးမှုများသည် ပြည်နယ်အတွင်းရှိ Kozhikkode၊ Malappuram နှင့် Kollam ခရိုင်များတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးက Kollam ခရိုင်တွင် မိုးရွာသွန်းမှု နှင့် ဆက်စပ်နေသော မတော်တဆမှုများကြောင့် လူ ၃ဦးသေဆုံးခဲ့ပြီး Kozhikkode နှင့် Malappuram ခရိုင်များတွင် လူ ၂ဦးစီသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းခရိုင်သုံးခု အပြင် အခြား ခရိုင် ၅ခုတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး စာသင်ကျောင်းများ နှင့် အခြားပညာရေးကျောင်းများကို ဇူလိုင် ၁၇ ရက်တွင် ပိတ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရုပ်သံလိုင်းများက မိုးရွာသွန်းမှုကြောင့် အဆိုပါ ခရိုင်အတွင်းရှိ ရထားလမ်းများ နှင့် ယာဉ်လမ်းကြောင်းများ ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း သိရသည်။

မိုးလေဝသဌာန က လာမည့် ၄၈နာရီအတွင်း ဆိုးရွားသည့် ရာသီဥတု ဖြစ်ပွားလာနိုင်ကြောင်း သတိပေးခဲ့ပြီး ဇူလိုင် ၁၇ ရက် နှင့် ၁၈ ရက်တွင် မိုးပိုမိုရွာသွန်းနိုင်ခြေရှိကြောင်း မိုးလေဝသဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်းပြည်နယ်များ၌ ဇူလိုင်လ မုတ်သုံကာလအတွင်း ရေကြီးမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

၂၀၁၈ခုနှစ် မေလအတွင်း အိန္ဒိယနိုင်ငံရှိ ပြည်နယ် ငါးခု အတွင်း လေပြင်းများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများ နှင့် မိုးကြိုးမုန်တိုင်းများကြောင့် လူ ၂၅၀ဦးနီးပါးသေဆုံးခဲ့ကာ အခြားလူ ၄၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.