Connect with us

Asia

ပါကစ္စတန်တွင် စားသောက်ဆိုင်ပေါက်ကွဲမှုကြောင့် လူ ၃ဦးသေ၊ ၂၅ဦးသေဆုံး

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ပါကစ္စတန်နိုင်ငံမှ စားသောက်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း Multan ခရိုင် ၌ ဇူလိုင် ၁၆ ရက် က စားသောက်ဆိုင်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးပြီး အခြားလူ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း သတင်းများ၌ဖော်ပြခဲ့သည်။

မြို့နယ်ရဲအရာအရှိ Muneer Masood က သေဆုံးသူ ဦးရေကို အတည်ပြုပေးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရှိသေးကြောင်း နှင့် အခင်းဖြစ်ပွားရာသို့ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ နှင့် အခြား အဖွဲ့များကို ခေါ်ယူထားကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းတွင် ပြည်တွင်းမီဒီယာတစ်ချို့က ပေါက်ကွဲမှုသည် စားသောက်ဆိုင်အတွင်းရှိ ဓါတ်ငွေ့အိုးပေါက်ကွဲခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် စားသောက်ဆိုင်အမိုးပြိုကျခဲ့ပြီး အမျိုးသမီးများ နှင့် ကလေးငယ်များအပါအဝင် လူအများ ပိတ်မိနေခဲ့ကြောင့် သိရသည်။

ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားပြီး ၎င်းတို့အနက် ၅ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.