Asia
အိန္ဒိယတွင် ခရီးသည်တင်ယာဉ်တစ်စီး မြစ်ထဲပြုတ်ကျမှုကြောင့် လူ ၁၅ ဦး သေဆုံး ဒဏ်ရာရ
နယူးဒေလီ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် စက်တင်ဘာ ၃ ရက်က ခရီးသည်တင်ယာဉ် တစ်စီး မြစ်ထဲပြုတ်ကျမှုကြောင့် လူ ၁၃ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ ယာဉ်သည် ခရီးသည် ၁၅ ဦးတင်ဆောင်လာပြီး တောင်ပတ်လမ်းတွင် မောင်းနှင်နေစဉ် မြေပြို ၍ ပြုတ်ကျလာသည့် ကျောက်တုံးနှင့် ရိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ မြစ်ထဲသို့ ထိုးကျသွားခြင်း ဖြစ် ကြောင်း ယင်းဒေသအစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထိုမတော်တဆမှုဖြစ်ပွားပြီးနောက် လုံခြုံရေးရဲတပ်ဖွဲ့နှင့်အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများက ကူညီ ကယ်ဆယ်မှုများ ချက်ချင်း ပြုလုပ်ခဲ့ကာ ဒဏ်ရာရသူတို့အား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရ သည်။ လက်ရှိတွင် သေဆုံးသူ ရုပ်အလောင်း ၁၃ လောင်းကို ရှာဖွေတွေ့ရှိပြီဖြစ်ရာ သေဆုံးသူများမှာ ဒေသခံများဖြစ်ပြီး အမျိုးသမီး ၃ ဦးပါဝင်ကြောင်း သိရသည်။
ယာဉ်လမ်းအခြေအနေဆိုးဝါးမှု၊ ယာဉ်မောင်းများ၏အရှိန်လွန်မောင်းနှင်မှု၊ လူပိုကုန်ပိုတင်မှုစသည့် စည်းကမ်းချိုးဖောက်မှုများကြောင့် အိန္ဒိယတွင် ယာဉ်တိုက်မှုမကြာခဏ ဖြစ်ပွားလေ့ရှိသည်။ နှစ်စဉ် အိန္ဒိယတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁ သိန်း ၅ သောင်းခန့်ရှိကြောင်း သိရသည်။
(Xinhua)