Connect with us

Asia

၂၅နှစ်အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခတ်

ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ဂျက်ဘီ ကြောင့် လှိုင်းကြီးမှုများဖြစ်ပေါ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

၂၅ နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်သော တိုင်ဖွန်းမုန်တိုင်း ဂျက်ဘီသည် ဂျပန်နိုင်ငံ အနောက်ပိုင်း ရှိ တိုကူရှီးမားစီရင်စု တောင်ပိုင်း သို့ စက်တင်ဘာ ၄ ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း မိုးလေဝသဌာန က စက်တင်ဘာ ၄ ရက်တွင်ပြောကြားခဲ့သည်။

အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ အလွန်အမင်း နှောင့်နှေးခဲ့ပြီး အချို့သော စီးပွားရေးလုပ်ငန်းများအပါအဝင် လေကြောင်းလိုင်း နှင့် ရထားလိုင်းများ ရပ်နားခဲ့ရကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း ဂျက်ဘီ သည် ၎င်း၏ ဗဟိုချက်မတွင် တစ်နာရီလျှင် လေတိုက်နှုန်း ၂၁၆ကီလိုမီတာဖြင့် ဒေသစံတော်ချိန် ၁၁နာရီတွင် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA) ကပြောကြားခဲ့သည်။

ဌာန က ဂျပန်နိုင်ငံ အရှေ့ပိုင်း နှင့် အနောက်ပိုင်း နှစ်ခုစလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားနိုင်ပြီး အများပြည်သူများအနေဖြင့် လှိုင်းကြီးမှုအား သတိထားကြရန် စက်တင်ဘာ ၄ ရက်က သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

မိုးလေဝသဌာန က တိုင်ဖွန်းမုန်တိုင်းသည် ဂျပန်ပင်လယ်ကို ဖြတ်၍ မြောက်ဘက်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ပြောကြားခဲ့သည်။

JMA ၏ ပြောကြားချက်အရ စက်တင်ဘာ ၅ရက် ဒေသစံတော်ချိန် နံနက် ၆နာရီ မှ ၂၄နာရီအတွင်း ဂျပန်နိုင်ငံ အလယ်ပိုင်း တွင် မိုးရေချိန် ၅၀၀မီလီမီတာ အထိ နှင့် နိုင်ငံ အနောက်ပိုင်းတွင် မိုးရေချိန် ၄၀၀မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ မြို့တော် တိုကျိုမြို့သည် တိုင်ဖွန်းမုန်တိုင်း ဂျက်ဘီ ၏ တိုက်ခတ်မှုကို ဆိုးရွားစွာ ခံစားရနိုင်ခြေမရှိကြောင်း JMA ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.