Connect with us

Asia

အိန္ဒိယတွင် မီနီဘတ်စ်တစ်စီး ချောက်ထဲပြုတ်ကျ၍ လူ ၉ဦးသေ၊ ၅ဦး ဒဏ်ရာရရှိ

အိန္ဒိယတွင် ယခင်က ချောက်ထဲပြုတ်ကျ ခဲ့သည့် ဘတ်စ်ကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် ၌ အောက်တိုဘာ ၅ရက်က မီနီဘတ်စ်ကား တစ်စီးသည် တောင်ပေါ်လမ်းတစ်ခုတွင် လမ်းချော်ကာ ချောက်ထဲပြုတ်ကျခဲ့၍ အနည်းဆုံး လူ ၉ဦး သေဆုံးခဲ့ပြီး အခြားလူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ယင်းမတော်တဆမှုသည် Uttarakhand ပြည်နယ်မြို့တော် Dehradun မြို့ မြောက်ဘက် ၁၅၈ ကီလိုမီတာ အကွာခန့် ရှိ Uttarkashi ခရိုင် Maneri မြို့ အနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဟိန္ဒူဘုရားဖူးများ လိုက်ပါလာသော မီနီဘတ်စ်ကားတစ်စီးသည် အောက်တိုဘာ ၅ရက် ညနေပိုင်းတွင် Gengotri အမြန်လမ်းမ၌မောင်းနှင်နေစဉ် ချောက်ထဲပြုတ်ကျခဲ့ကြောင်း Uttarakhand ပြည်နယ် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ရဲအရာရှိ၏ ပြောကြားချက်အရ ချောက်ထဲပြုတ်ကျခဲ့သော ယာဉ်သည် Gangotriမြို့ Himalayan ဘုရားကျောင်း၌ ဝတ်ပြုပြီးပြန်လာသော ဘုရားဖူးများကို သယ်ဆောင်လာကြောင်း သိရသည်။ယာဉ်မတော်တဆဖြစ်ပွားရခြင်းအသေးစိတ်ကို မသိရှိသေးကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ဝန်ပိုတင်ဆောင်မှု၊ လမ်းများယို့ယွင်းနေမှု နှင့် ယာဉ်မဆင်မခြင်မောင်းနှင်မှုတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တာဝန်ရှိသူများ၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် နေ့စဉ် လူ ၄၀၀ကျော် ပျမ်းမျှသေဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.