Connect with us

Asia

ဖိလစ်ပိုင်တောင်ပိုင်းတွင် ချုံခိုတိုက်ခိုက်မှုကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့ဝင် ၆ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ၏ အဓိက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ ဖြစ်သည့် PDEA (Philippine Drug Enforcement Agency) မှ တပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Lanao del Sur ပြည်နယ် ရှိ Kapai မြို့တွင် အောက်တိုဘာ ၅ ရက် က ချုံခိုတိုက်ခိုက်မှုတစ်ခုကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ က သေဆုံးသူအားလုံးသည် ဖိလစ်ပိုင်နိုင်ငံ၏ အဓိက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ ဖြစ်သည့် PDEA (Philippine Drug Enforcement Agency) မှ ဖြစ်ကြပြီး Maraw မြို့သို့ ကားတစ်စီးဖြင့် သွားရောက်နေစဉ် အမည်မသိ သေနတ်သမားများက အောက်တိုဘာ ၅ ရက် နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များသည် Tagoloan မြို့အနီးရှိ တွင်ပြုလုပ်သော မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လက်နက်ချပွဲအခမ်းအနား အစီအစဉ်အားတက်ရောက်ခဲ့ပြီးနောက် ယခုလို တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က သေဆုံးသူများအနက် ၄ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပြီး ကျန် ၂ဦးမှာ ပြည်တွင်းဆေးရုံတစ်ခု၌သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)