Connect with us

Asia

အိန္ဒိယတွင် ရူပီး ၅၀၀ နှင့် ၁၀၀၀ တန်များ ပယ်ဖျက်

အိန္ဒိယငွေကြေး ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန်များအား ကိုင်ဆောင်ထားခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် လက်ရှိ သုံးစွဲနေသည့် ငွေကြေး ရူပီး ၅၀၀ တန်နှင့် ၁၀၀ တန်တို့အား နိုင်ငံ၏ ငွေကြေး လည်ပတ်မှု စနစ်မှ ရုပ်သိမ်းတော့မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုဝင်ဘာလ ၈ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ ငွေကြေးများသည် နိုဝင်ဘာလ ၈ ရက် ညသန်းခေါင်ယံမှစ၍ တရားမဝင်တော့ကြောင်း မိုဒီ၏ ကြေညာချက်အရ သိရသည်။

“ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန် ပိုင်ဆိုင်သူများ အနေနဲ့ ဘဏ်နဲ့ စာတိုက်များမှာ ဒီလ ၁၀ ရက်ကစပြီး ဒီဇင်ဘာလ ၃၀ ရက်အထိ လာရောက် လဲလှယ်နိုင်ပါတယ်” ဟု နိုဝင်ဘာလ ၈ ရက် ညနပိုင်းတွင် ပြုလုပ်သည့် နိုင်ငံတစ်ဝန်း ထုတ်လွှင့်ခဲ့သော ရုပ်သံ အထူးအစီအစဉ်၌ မိုဒီက ပြောကြားခဲ့သည်။

ယခုလို လုပ်ဆောင်ရခြင်းသည် အကျင့်ပျက်ခြစားမှုနှင့် တရားမဝင် ငွေကြေးအား ကိုင်တွယ်မှုတို့အား အဆုံးသတ်ရန် အတွက် ဖြစ်ကြောင်း သိရသည်။

အသစ် ရိုက်နှိပ်ထားသည့် ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန်အား ငွေကြေး ဈေးကွက်အတွင်းသို့ မကြာမီ ဖြန့်ချိသွားမည် ဖြစ်ကြောင်း မိုဒီက ပြောသည်။

ဘဏ်တွင် ငွေအပ်နှံထားသူများအား မှန်ကန်ကြောင်း အတည်ပြုပြီးပါက အဆိုပါ ငွေကြေးများအား မတ်လ ၃၁ ရက်နေ့မတိုင်မီအထိ လဲလှယ်ပေးမည် ဖြစ်ကြောင်း ဘဏ်များက ပြောကြားထားသည်။

သို့ရာတွင် ဓာတ်ဆီဆိုင်များ၊ CNG ဆိုင်များ၊ နို့အရောင်းဆိုင်များ၊ စတိုးဆိုင်များနှင့် မီးသဂြိုလ်နေရာများတွင်မူ နောက်ထပ် ၇၂ နာရီအတွင်းသာ လက်ခံတော့မည် ဖြစ်ကြောင်း၊ လေကြောင်းလက်မှတ် ကြိုတင်အမှာ လက်ခံသည့် နေရာများ၊ အစိုးရ ဘတ်စ်ကားများ၏ လက်မှတ် အရောင်းကောင်တာများနှင့် လေကြောင်း လက်မှတ် အရောင်းကောင်တာများကလည်း အဆိုပါ ငွေကြေးများအား နောက် နှစ်ရက်အထိသာ လက်ခံတော့မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၉ ရက်တွင်မူ အများပြည်သူ ငွေကြေး လဲလှယ်နိုင်ရန်အတွက် ဘဏ်များအား ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.