Asia
အိန္ဒိယနိုင်ငံ နွေဦးပွဲတော် ကျင်းပပြီးနောက် လူ ၅ ဦးရေနစ်သေဆုံး
မွမ်ဘိုင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှ ၈၅ ကီလိုမီတာအကွာ အာနာလာကမ်းခြေတွင် မတ်လ ၂၁ ရက်က နွေဦးရောင်စုံနွေဦးပွဲတော်-ဟိုလီ (Holi) ကျင်းပပြီးနောက် လူ ၅ ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိပြီး အခြားသူတစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကမ်းခြေသို့ ရောက်လာခဲ့ကြောင်း ပေါလ်ဂါခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း တာဝန်ရှိသူများက မတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ရေနစ်သေဆုံးသူများမှာ ဟိုလီပွဲတော်မှ ဆေးရောင်များအား ပင်လယ်အတွင်း ဆေးကြောရန်သွားရောက်ခဲ့စဉ် ဒီရေမြင့်တက်လာပြီး ပင်လယ်ထဲမျောပါသွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)