Connect with us

Asia

ကေဆောင်းမြို့ရှိ ပူးတွဲဆက်ဆံရေးရုံးမှ မြောက်ကိုရီးယား ရုပ်သိမ်း

ကေဆောင်း ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ နယ်စပ် ကေဆောင်းမြို့ရှိ တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲဖွင့်လှစ်ထားသော နှစ်နိုင်ငံ ပူးတွဲဆက်ဆံရေးရုံးမှ မြောက်ကိုရီးယားနိုင်ငံ နုတ်ထွက်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက မတ်လ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ အဆင့်မြင့်တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအရ ကေဆောင်း ပူးတွဲဆက်ဆံရေးရုံးမှ နုတ်ထွက်ကြောင်း ဆုံးဖြတ်ချက်အား မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ကေဆောင်းမြို့တွင် တောင်ကိုရီးယားနှင့် ဆက်သွယ်ရေးလုပ်ဆောင်နေသည့် မြောက်ကိုရီးယား တာဝန်ရှိသူများအားလုံးကို ဆက်ဆံရေးရုံးမှ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဆက်ဆံရေးရုံးအား တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) တို့ ၂၀၁၈ ခုနှစ် ဧပြီလက ငြိမ်းချမ်းရေးကျေးရွာ ပန်မွန်ဂျုံတွင် ပထမအကြိမ် ထိပ်သီးအစည်းအဝေးအတွင်း သဘောတူညီချက်အား အကောင်အထည်ဖော်ရန် စက်တင်ဘာလက ကေဆောင်းမြို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.