Asia
အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဆောက်လက်စအဆောက်အဦပြိုကျမှုတွင် လူ ၅ ဦး ပိတ်မိနေ

နယူဒေလီ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ဟာယာနာပြည်နယ် ဂူရူဂရမ်ခရိုင်တွင် ဇန်နဝါရီလ ၂၄ ရက် အစောပိုင်းက ဆောက်လက်စ လေးထပ်အဆောက်အဦ ပြိုကျခဲ့ပြီး အပျက်အစီးများအကြား အနည်းဆုံး လူ ၅ ဦးပိတ်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်သည် ဂါရူဂရမ်ခရိုင် Ullawas ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာသို့ အမျိုးသား ဘေးအန္တရာယ်တုန့်ပြန်ရေးတပ်ဖွဲ့ ကယ်ဆယ်ရေးအဖွဲ့များက ချက်ချင်း ရောက်ရှိသွားခဲ့ကြောင်း၊ အပျက်အစီးများအကြား ပိတ်မိနေသူများအား ကယ်ထုတ်နိုင်ရန် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။ (Xinhua)