Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် ၅.၅ ပမာဏရှိသော ငလျင်လှုပ်

ငလျင်ကြိမ်နှုန်း တိုင်းတာမှုပြပုံအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ကာဂါယန်ပြည်နယ်၌ ပြင်းအား ၅.၅ ပမာဏရှိသော ငလျင်တစ်ခု ဇန်နဝါရီလ ၂၄ ရက်တွင် လှုပ်ခတ်သွားကြောင်း မီးတောင်နှင့် ငလျင်ဆိုင်ရာအဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ညနေ ၄း၃၄ နာရီက ဖိလစ်ပိုင်နိုင်ငံ အဓိက လူဇွန်ကျွန်းရှိ ကာဂါယန်ပြည်နယ် ကာလာယန်မြို့ အနောက်မြောက်ဘက် ၂၇ ကီလိုမီတာ၊ မြေအောက်အနက် ၂၄ ကီလိုမီတာ၌ လှုပ်ခတ်သွားခြင်း ဖြစ်ကြောင်း Phivolcs အဖွဲ့က ပြောကြားခဲ့သည်။

ထို့ပြင် Ilocos Norte ပြည်နယ် Pasuquin နယ်မြေနှင့် Ilocos Sur ပြည်နယ် ဗီဂန်မြို့များ၌လည်း ငလျင်ဒဏ် ခံစားခဲ့ရကြောင်း ထိုအဖွဲ့အစည်းက ပြောခဲ့သည်။

ငလျင်ကြောင့် အပျက်အစီးတစ်စုံတစ်ရာမဖြစ်ပွားနိုင်ကြောင်း၊ သို့သော်လည်း နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.