Asia
အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် ကျောင်းကားတစ်စီး တံတားပေါ်မှ ပြုတ်ကျကာ ကျောင်းသား ၁၅ ဦးဒဏ်ရာရ

နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisharh ပြည်နယ်ရှိ တံတားတစ်စင်းပေါ်မှ ကျောင်းကားဗင်ကားတစ်စီး ပြုတ်ကျခဲ့ရာ ကလေးငယ် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၁ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ မတော်တဆမှုသည် ပြည်နယ် မြို့တော် Raipur မှ ၂၃၀ ကီလိုမီတာအကွာရှိ Korba ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။“ကျောင်းသား ၁၅ ဦးကို တင်ဆောင်လာတဲ့ ဗင်ကားက လမ်းချော်ကာ တံတားပေါ်မှာ ရွှံ့ဗွက်ထနေသော ကွင်းထဲ ပြုတ်ကျခဲ့ပါတယ်” လို့ ရဲအရာရှိက ပြောကြားခဲ့သည်။
ဒဏ်ရာရသူများအနက် လေးဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။“ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားထားပါတယ်။ ဗင်ကားမောင်းသူကို ဖမ်းဆီးထားပြီး ယာဉ် မဆင်မခြင် မောင်းနှင်မှုနှင့် ပေါ့ဆမှုတို့ဖြင့် တရားစွဲထားပါတယ်” ဟု ရဲအရာရှိက ဆိုသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းမှာ အများအားဖြင့် ယာဉ်မောင်း မကျွမ်းကျင်ခြင်း သို့မဟုတ် လမ်းများနှင့် ယာဉ်များ ပြုပြင်ထိန်းသိမ်းမှုမရှိခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)