Connect with us

Asia

ကာဇက်စတန် အိုလံပစ်ဆုရှင် စကိတ်စီးသမား ဓားထိုးသတ်ခံရ

ဓားထိုးသတ်ခံရသည့် အိုလံပစ်ဆုရှင် စကိတ်စီးသမား ဒန်းနစ်တန်း အားတွေ့ရစဉ် (ဆင်ဟွာ)

အယ်မာတီ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အိုလံပစ်ဆုရှင် စကိတ်စီးသမား ဒန်းနစ်တန်း သည် ၎င်း၏ ဇာတိဖြစ်သော ကာဇက်စတန်နိုင်ငံ တွင် ဇူလိုင် ၁၉ ရက် က ဓားထိုးခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အယ်မာတီမြို့ ရဲတပ်ဖွဲ့က အသက် ၂၅နှစ်အရွယ်ရှိ ဒန်းနစ်တန်း သည် ၎င်း၏ ကားမှ မှန်များအား ခိုးယူရန်ကြိုးစားသည့် အမျိုးသား၂ဦး နှင့် လုံးထွေးသတ်ပုတ်စဉ် ဓားထိုးခံလိုက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။နိုင်ငံတကာစကိတ်အားကစားသမဂ္ဂ (ISU) က ၂၀၁၄ခုနှစ် ဆိုချီ ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ၌ ကြေးတံဆိပ်ဆွတ်ခူးခဲ့သူ ဒန်းနစ်တန်း သေဆုံးမှုအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.