Asia
အိန္ဒိယ နိုင်ငံ အနောက်ပိုင်း၌ မြစ်အတွင်းသို့ ခရီးသည်တင်ယာဉ် ထိုးကျ တိမ်းမှောက် ၊ လူ ၂၅ ဦး သေဆုံး
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)
အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်ရှိ မြစ်တစ်စင်း အတွင်းသို့ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး ထိုးကျတိမ်းမှောက်ခဲ့သဖြင့် လူ ၂၅ ဦး သေဆုံးကာ ငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံရဲတစ်ဦးက ဆင်ဟွာသို့ ဖုန်းမှတဆင့် အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်သည် Rajasthan ပြည်နယ် Bundi ခရိုင် အတွင်းရှိ Lakheri ဒေသတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယာဉ်ပေါ်တွင် ခရီးသည် ၂၉ ဦး လိုက်ပါလာခဲ့ပြီး Kota ဒေသမှ ပြည်နယ် အတွင်းရှိ Sawaimadhopur ခရိုင်သို့ သွားရောက်စဉ် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ဝန်းကျင်တွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်မှ ဒဏ်ရာ ရရှိသူ ခရီးသည်များအား နီးစပ်ရာ ဆေးရုံ၌ ပို့ဆောင် ကုသခဲ့ပြီး အသေးစိတ် အချက်အလက်များ သိနိုင်ရန် စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)