Connect with us

Asia

အိန္ဒိယ အာကာသ သိပ္ပံပညာရှင်များသည် ကမ္ဘာ့ အပေါ့ပါးဆုံး ဓာတုပစ္စည်း တစ်မျိုး တီထွင်ခဲ့

silica aerogel (လေပြာ) ကမ္ဘာ့ အပေါ့ပါးဆုံး ဓာတု ပစ္စည်းအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယ သိပ္ပံပညာရှင်များသည် ၎င်းတို့အခေါ် silica aerogel (သို့မဟုတ်) လေပြာ ဟု အမည်ပေးထားသည့် ကမ္ဘာ့ အပေါ့ပါးဆုံး ဓာတုပစ္စည်း တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း ဧပြီလ ၂၁ ရက်ထုတ် ပြည်တွင်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း Thiruvananthapuram မြို့တွင် တည်ရှိသော နိုင်ငံပိုင် ဒုံးကျည် စမ်းသပ်ခန်း Vikram Sarabhai အာကာသ စင်တာမှ အဖွဲ့တစ်ဖွဲ့သည် အဆိုပါ ကမ္ဘာ့အပေါ့ပါးဆုံး ဓာတုပစ္စည်းကို တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ် aerogel (လေပြာ) ကို အာကာသထဲ ရော ကမ္ဘာမြေပြင်ပေါ် မှာပါ နှစ်နေရာစလုံး၌ အသုံးပြုနိုင်ကြောင်း ၊ အဘယ်ကြောင့် ဆိုသော် အဆိုပါ ပစ္စည်းသည် အပူဒဏ် အထူးခံနိုင်ရည် ရှိကြောင်း သတင်းများက ဆိုသည်။

၎င်းသတ္တုကို ဒုံးကျည် ထိပ်ဖူးတွင် ကြားခံပစ္စည်း အဖြစ် အသုံးပြုနိုင်သလို ကမ္ဘာ့အမြင့်ဆုံး စစ်မြေပြင် ဖြစ်သည့် Siachen ရေခဲတောင် ဒေသတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အိန္ဒိယစစ်သားများ အတွက် အနွေးဓာတ်လည်း ပေးနိုင်ကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။

“ ဒါဟာ ကမ္ဘာပေါ်မှာ လူတွေ တီထွင်ဖန်တီးထားတဲ့ အပေ့ါပါးဆုံး ဓာတုပစ္စည်း တစ်မျိုးပဲ။ နည်းပညာအရ အရမ်းကို မြင့်မားပါတယ်။ အိန္ဒိယ နိုင်ငံက ဂုဏ်ယူစွာ တီထွင်နိုင်ခဲ့ပြီ” ဟု ဒုံးကျည် သုသေသန ဓာတ်ခွဲခန်း ခေါင်းဆောင် K.Sivan က သတင်းဌာနသို့ပြောကြားသည်။ ၎င်းဓာတုပစ္စည်းကို အပူငွေ့ပေး အပေါ်အင်္ကျ ီ၊ ရှူးဖိနပ်ထိပ်ဖျားနှင့် ပြတင်းပေါက် မှန်ဘောင်များတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ ထို့ပြင် အလွန်အေးသော ပတ်ဝန်းကျင်တွင် နေထိုင်သူများအတွက် အင်မတန် အသုံးတည့်သော ပစ္စည်းတစ်မျိုး ဖြစ်သည် ဟူ၍လည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.