Asia
ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ဘက်ရှိ ဆောက်လုပ်နေဆဲ အဆောက်အအုံပြိုကျခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောကြား
ဖနွမ်းပင်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ဘက် Preah Sihanouk ပြည်နယ် တွင် ဆောက်လုပ်နေဆဲ ၇ထပ်အဆောက်အအုံတစ်လုံး ဇွန် ၂၂ ရက် အစောပိုင်းတွင် မတော်တဆပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
“ဒီမတော်တဆမှု က ဒေသစံတော်ချိန် မနက်၅ နာရီဝန်းကျင်မှာ ဖြစ်ခဲ့တာပါ။’’ ဟု ရဲတပ်ဖွဲ့ ၏ ဝက်ဘ်ဆိုက်တွင်ဖော်ပြခဲ့သည်။
“အဆောက်အဦအကျိူးအပဲ့တွေ ကြားမှာ ပိတ်မိနေတဲ့ လူအများစုက ဆောက်လုပ်ရေး အလုပ်သမားတွေဖြစ်တယ်။ တချို့ကိုတော့ အခုထိမသိသေးဘူး။ ရှာဖွေရေး သမားတွေက အပျက်အစီးတွေ ဖယ်ရှားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက် ရှိတယ်’’ ဟု ရဲတပ်ဖွဲ့ သတင်းကဆိုသည်။
အနည်းဆုံး လူသုံးဦး သေဆုံးပြီး အခြားလူ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးYun Min ကပြောသည်။ (Xinhua)